Monday, June 26, 2017

Bitcoin ဆိုတာဘာလဲ ?

Bitcoin အကြောင်းသိချင်ရင်တော့ အောက်ကလင့်လေးမှာ ဝင်ကြည့်ပေးပါ ...
http://www.coindesk.com/information/what-is-bitcoin/

            ကျွန်တော်နားလည်သလောက် ရှင်းပြရရင်တော့ bitcoin  ဆိုတာ ကျွန်တော်တို့ အသုံးပြုနေတဲ့   ငွေကြေးတွေလိုပဲ currency တစ်ခုပါပဲ .. ဒါပေမဲ့ သူက digital currency ဗျ .. digital currency   ဆိုတော့ ကျွန်တော်တို့သုံးနေတဲ့ ငွေကြေးတွေလိုတော့ ကိုင်သုံးလို့မရဘူးပေါ့ဗျာ .. ဒါပေမယ့် online ငွေချေမှုတွေမှာတော့ တော်တော်များများ သုံးလို့ရနေပါပြီ .. သူ့ကို Satoshi Nakamoto က ၂၀၀၉ ခုနှစ်မှာ တီထွင်ခဲ့ပြီးတော့ အခုလက်ရှိ 1 bitcoin ကို US 2000 ကျော်ဈေးပေါက်နေပါတယ် ... bitcoin ကို BTC နဲ့ တွက်သလို satoshi နဲ့လဲတွက်ပါတယ် 0.00000001 BTC ကို satoshi ပါ ...

Bitcoin Wallet
         bitcoin wallet ဆိုတာကတော့ online မှာ bitcoin တွေကို သိမ်းဆည်းထားဖို့နေရာပါပဲ .. မိမိရလာတဲ့ bitcoin တွေကို wallet ထဲမှာ ထည့်ထားပြီးတော့ ကြိုက်တဲ့အချိန်မှာ ပြန်ထုတ်ရောင်းလို့ရတယ် ဝယ်ချင်ရင်လဲ မိမိ wallet နံပါတ်နဲ့ ဝယ်ရတာပါ ... မြန်မာနိုင်ငံမှာလဲ bitcoin ဈေးကွက်ရှိလာပြီ ဖြစ်တဲ့အတွက် bitcoin wallet လေးတော့ လုပ်ထားစေချင်ပါတယ် .... bitcoin wallet လုပ်ချင်ရင်တော့ အောက်က ဆိုက်တွေမှာ လုပ်လို့ရပါတယ် ....

https://www.coinbase.com/?locale=en
https://www.blockchain.com/





          

No comments:

Post a Comment